Friday, January 10, 2014

Atom Launcher v 1.6.3 for android(latest version)



Android phone/Tablet ကိုင်ဆောင်သူတွေ အတွက် Atom Launcher ကိုတင်ပေးလိုက်ပါတယ်.ရိုးရိုးလေးနဲ့ လန်းတယ် ပြောရမယ့် Atom Launcher လေး ပါသူကတော့ ICS Style ဖြစ်ပြီး တစ်ခြား Launcher တွေ နဲ့ မတူပဲတစ်မူ ထူးခြားလှတဲ့ ရိုးရိုးရှင်းရှင်း Theme Style လေး တစ်ခုဖြစ်လို့အသုံးပြုရတာ အဆင်ပြေ ပေါ့ပါးပြီး လှပါစေပါတယ်။Android version 4.0 အထက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ.်.် အသုံးပြုချင်သူများအောက်မှာ ရယူနိုင်ပါတယ်..
ဆော့ဝဲလ်အားရယူရန်

Next Launcher 3D v3.02.1 for android(latest version)




Android ဖုန်းတွေအတွက်လူသုံးအများဆုံး Theme Launcher တစ်ခုဖြစ်တဲ့ Next Launcher 3D ရဲ့နောက်ဆုံး version 3.02.1 ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းမှာသုံးနေကျ Screen Theme ဒီဇိုင်းကိုရိုးလာလို့ တခြား Launcher Theme ပြောင်းသုံးချင်တယ်ဆိုရင်တော့ Next Launcher 3D ကိုသုံးသင့်ပါတယ်။ Next Launcher 3D ဟာ တခြား Launcher တွေနဲ့မတူပဲ 3D Theme Effect တွေအများကြီးပါဝင်တာကြောင့် သင့်ရဲ့ဖုန်း screen ဒီဇိုင်းကိုနဂိုထက်ပိုပြီးထူးခြားလှပသွားစေမှာပါ။အခုအသစ်ထွက်ဗားရှင်းမှာ Next Launcher ရဲ့  UI ဒီဇိုင်းပြောင်းလဲလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်. Next Launcher 3D v3.02.1for Android ကို Google Play မှာ ၁၆ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို Myanmar Mobile App Store မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူပါ။
ဆော့ဝဲလ်အားရယူရန်

vRoot 1.0.5.1 for Android




Android ဖုန်းအမျိုးမျိုးကို root လုပ်နိုင်တဲ့ VRoot လို့ခေါ်တဲ့ One Click root Tool ကိုတော့ ဖုန်းကလိသူတိုင်းသိကြမှာပါ။ ကွန်ပျူတာနဲ့ဖုန်းနဲ့ချိတ်ဆက်ပြီး ဖုန်းကို Root လုပ်နိုင်တဲ့ Root tool ဖြစ်ပါတယ်။ အခုတော့ vRoot ဆော့ဝဲကိုထုတ်လုပ်ထားတဲ့ Mgyun-Team ကနေ Mobile application အနေနဲ့ vRoot ဆော့ဝဲကိုထုတ်လုပ်လိုက်ပါပြီ ။ ဖုန်းဆော့ဝဲဖြစ်တာကြောင့် ကွန်ပျူတာမလိုဘဲ ဖုန်းထဲမှာတင် မိမိဖုန်းကို root လုပ်နိုင်မှာပါ။ ရှိထားသင့်တဲ့ဖုန်းဆော့ဝဲလေးတစ်ခုပါပဲ။ vRoot 1.0.5.1 for Android ကိုအောက်က Link များမှာရယူနိုင်ပါတယ်။
vRoot 1.0.5.1 for Android အားရယူရန် (Link 1)
vRoot 1.0.5.1 for Android အားရယူရန် (Link 2)
vRoot 1.0.5.1 for Android အားရယူရန် (Link 2)

Tuesday, January 7, 2014

Website လမ်းညွှန် နှင့် Facebook အသုံးပြုနည်း(သူရအောင်)

Facebook အသုံးပြုနည်းသာမက Website လိပ်စာ
အများစုကိုလည်း ထည့်သွင်းဖော်ပြပေးထားပါတယ်
စာရေးသူကတော့ ကိုသူရအောင်ပါ
File Size:8MB

Myanmar Blogger Handbook

ဘလော့ဂ်ကို ကြားဖူးသူတိုင်း၊ ဘာမှမတတ်သူတိုင်း မည်သူ့အကူအညီမှ မယူဘဲ စနစ်တကျ တစ်ဆင့်ချင်း ကိုယ်တိုင် ဖန်တီးနိုင်စေဖို့ အခြေခံကစပြီး အဆင့်ဆင့် ရှင်းပြထားတဲ့ အခြေခံ ဘလော့ဂ်လုပ်နည်း အီးဘွခ် ဒီနေရာမှာ အခမဲ့ ရယူနိုင်ပါပြီ။ ဒီစာအုပ်ကို အခမဲ့ ဖြန့်ချိခွင့်၊ ကူးယူခွင့်၊ ပုံနှိပ်ခွင့်၊ ပြင်ဆင် ဖြည့်စွက်ခွင့် ပြုပါတယ်။ အခကြေးငွေ တစုံတရာ ရယူပြီး အမြတ်ထုတ်တာမျိုးကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ပါတယ်။ ဒီအထဲက စာသားတွေ ရုပ်ပုံတွေကို ဘယ်ဂျာနယ် မဂ္ဂဇင်းမှာမှ ခွင့်ပြုချက် မရှိဘဲ ဖော်ပြခွင့် မပြုပါဘူး။ ဘာမှမတတ်သေးတဲ့ သူတွေအတွက်သာ ရည်ရွယ်တာမို့ ပြည့်စုံလုံလောက်ခြင်းတော့ မရှိသေးပါဘူး။ တတ်ကျွမ်းသူတွေက ဒါကို ထပ်မံဖြည့်စွက်ပြီး အဆင့်မြင့် ပြုပြင်နည်းစနစ်တွေပါ ထည့်သွင်းပေးနိုင်ရင် ပိုကောင်းမွန်တဲ့ Guide Book တစ်အုပ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ မြန်မာဘလော့ဂ် ရေးချင်သူတစ်ယောက် ရှိတဲ့အခါ ဒီစာအုပ်လေးကို ပရင့်ထုတ်ပြီး လက်ဆောင်ပေးလိုက်ပါ။ ဒီစာအုပ်နဲ့အတူ စေတန်ဂေါ့လေးရဲ့ Making Myanmar Blog စာအုပ်လေးကိုလည်း ပူးတွဲ ဖတ်ရှုဖို့ အကြံပေးလိုပါတယ်။ ပျော်ရွှင်ပါစေ။ဒီစာအုပ်လေးတွေကို ကြိုက်နှစ်သက်ရာ နေရာမှာ အဆင်ပြေသလို တင်နိုင်၊ ဖြန့်ချိနိုင်ပါတယ်။ ခွင့်ပြုချက် တောင်းခံစရာ မလိုသလို၊ ဒီဘလော့ဂ်ကိုသော်လည်းကောင်း၊ ပြုစုသူများကိုသော်လည်းကောင်း တကူးတက ညွှန်းဆိုပေးဖို့လည်း မလိုပါဘူး။

နောက်ထပ် ကောင်းမွန်တဲ့ စာအုပ်လေး တစ်အုပ်ကို အင်တာနက်မှာ ထပ်မံတွေ့ရပါတယ်။ နိုင်ငံရေးဘက် အနည်းငယ် နွယ်ပေမယ့် နည်းပညာကို အဓိက သိရှိသွားစေနိုင်တာမို့ တလက်စတည်း ဖြန့်ဝေပေးလိုက်ပါတယ်။ နယ်စည်းမခြား ဘလော့ဂါများ အဖွဲ့က မြန်မာဘာသာကို ပြန်ဆို ပြုစုထားတဲ့ စာအုပ်လေးပါ။ ဒီနေရာမှာ ရယူနိုင်ပါတယ်။ (Link)