Showing posts with label knowledges. Show all posts
Showing posts with label knowledges. Show all posts

Tuesday, January 7, 2014

Facebook Account အသစ်ဖွင့်နည်း

 Facebook Account အသစ်ဖွင့်နည်းလေးကိုမသိသေးတဲ့သူမျာအတွက်ပြန်မျှဝေပေးလိုက်ပါတယ်

ဖုန်းနံပါတ်တောင်းရင်လဲမြန်မာပြည်ဖုန်းနံပါတ်သုံးပြီး Verify လုပ်လို့ရပါပြီး။

ဒီ Add-ons လေး ကို Firefox Browser ထဲကိုInstall လုပ်လိုက်ပါ။

Add-on Link - https://addons.mozilla.org/en-US/firefox/addon/anonymox/?src=search


Add-ons ကို install လုပ်ပြီးရင် Firefox ကို Restart လုပ်လိုက်ပါ။

ပြီးရင် Firefox add-ons Manager ထဲက Anonymox add-ons ကိုတွေ့ပါမယ်

Enable လုပ်လိုက်ပါ
ပြီးရင် ip address ကို www.whatismyip.com မှာသွားစစ်လိုက်ပါ။

Country မှာ USA လို့ပြရင်ရပါပြီ။

Firefox မှာ Error တက် နေ ရင်
Firefox > Options > Options > Advanced Tab > Network > Connection Setting > Use System Proxy Setting ကို အမှန်ခြစ်ပါ။

www.facebook.com မှာAccount အသစ်အလွယ်တကူဖွင့်လို့ရပါပြီ။

မှတ်ချက်

Lock ကျ နေတဲ့ Account များလဲဒီနည်းနဲ့ ဖြည်လို့ရပါတယ်။

Country ကို Myanmar ရွေးပေးပါ။
Ph no- 959xxxxxxx(eg- 9595196032 ကိုယ်ဖုန်းနံပါတ်ထည့်ပါ။)
SMS ပို့တာမရွေးပဲ ဖုန်းခေါ်တာကိုရွေးပါ။FaceBook ကဖုန်းခေါ်ပြီး Code no ပြောပါလိမ့်မယ်။

မသိသေးသူများကို မျှဝေပေးပါ။

Monday, January 6, 2014

YOUTUBE ကဗီဒီယိုတွေကို ဘာဆော.၀ဲလ်မှမလိုပဲဒေါင်းကြမယ်


အခုကျွှန်တော်YOUTUBE ကဗီဒီယိုတွေကိုဘာဆော.၀ဲလ်မှမလိုပဲဒေါင်းယူနည်းလေးပြောပြချင်ပါတယ်ဗျာ
YOUTUBE DOWNLOADER တွေကတစ်ကယ်တော.သုံးရတာအဆင်မပြေပါဘူးဘာဖြစ်လိုလဲဆိုတော.
စွဲအားမကောင်းတာကြောင်.ပါနောက်ဆုံးထွက်ဗားရှင်းတွေတောင်သီချင်းတစ်ပုဒ်ကိုမိနစ်လေးဆယ်
လောက်ဆွဲယူရပါတယ်။
ခုတော.မလို.တော.ဘူးဗျာကွန်ပျူတာထဲဆော.၀ဲလ်ထည်.စရာလဲမလိုပေါ.ပေါ.ပါးပါးဒေါင်းလို.ရတဲ.နည်း
လေးပါ။
ကဲစလိုက်ရအောင်ဗျာဆက်ပြောနေရင်လက်ညောင်းလာလို.ခိခိ
နံပါတ်(၁) အနေနဲ.  http://www.youtube.com/    ကိုဝင်ထားရပါမယ်
နံပါတ်(၂) ကတော့  http://ytconv.net/  ကိုသွားပေးရပါမယ်
             ကဲအဲဒီကိုရောက်ရင်အောက်ကပုံမျိုးလေးတွေရပါလိမ်.မယ်
ကဲအဲလိုတွေရပြီဆိုတာနဲ. အောက်မှာကိုယ်လိုချင်တဲ.ဖော်မတ်ကို အမှန်ချစ်ပေးလိုက်ပါ။(ဥပမာMP3.MP4
စသည်ဖြင်ပေါ.ဟုတ်ဘူးလားဟဲဟဲ
နံပါတ်(၃) အနေနဲ.ကတော်YOUTUBE ကကိုယ်ကြိုက်တဲ.ဗွီဒီယိုလေးကိုထောက်
RIGHT CLICK >>> COPY VIDEO URL ပေါ.နော်
ကဲအဲဒီအဆင်ထိ၇လောက်ပြီ ခိခိ  အဟမ်း ကြော်ငြာနဲနဲဝင်မယ် သီချင်းကြိုက်တဲ.သူငယ်ချင်းတွေဒီကိုလာလည်နော်
ကဲအခုအဆင်(၄)ကိုသွားကြမယ် အပေါ်က copy video URL ကိုလုပ်ပီးpဆိုရင်
အောက်ကပုံလေးအတိုင်း right click>>>paste လုပ်ပါ
ကိုကြိုက်တဲ.ဖော်မတ်ရွှေးဦးနော်
ပြီးရင်အန်းတားခေါက်ပြီးခဏဆောင်နေလိုက်ပါနော်
အန်းတားခေါက်ပြီးရင်အောင်မြင်ပါpခဏဆောင်ရင်ဒေါင်းလော.ကျလာပါလိမ်မယ်ဒါဘဲနော်တာ.တာ.
မရရင်ကောမန်ရေးခဲ.ရအောင်ကိုလုပ်ပေးမယ်ခိခိ

YouTube Video တွေ အမြန်ဆုံးနည်းနဲ့ ကြည့်ကြမယ်

 
YouTube က Video တွေကြည့်ကြတဲ့အခါ လိုင်း ဘယ်လောက် ကောင်းကောင်း Loading လုပ်နေတာ အရမ်းကြာတာမျိုးတွေ အားလုံး ကြုံဖူးကြမယ်ထင်ပါတယ်... ကြော်ငြာတွေ , YouTube Page ထဲမှာ ရှိသမျှ Video တွေကို Loading လုပ်နေရတာကြောင့်ပါ... ပြီးတော့ အညံ့ဆုံး Lower Quality ဖြစ်တဲ့ 144p ရုပ်ထွက်နဲ့ Default ထားထားပါသေးတယ် ဘယ်လိုမှ ကြည့်ရတာ အဆင်မပြေပါဘူး..။ 
အဲ့ဒီပြဿနာတွေကို Command Prompt (CMD) ကဆင့် Hack ပြီး ဖြေရှင်းနိုင်တယ်။
Hack ဆိုတာနဲ့ အရမ်းအခတ်ခဲကြီး မဟုတ်ပါဘူး အောက်က Command လေးတွေကို Copy & Paste လုပ်ပြီး Enter ခေါက်ပေးရုံပါပဲ... OK လေးပေါ်လာတာနဲ့ Command Box ကိုပိတ်ပြီး YouTube ကို သွားကြည့်လိုက်ပါ... အရင်ကထက်  ၃ ဆလောက် မြန်ဆန်လာတာကို လက်တွေ့ တွေ့မြင်ကြရမှာ..  Windows (XP, 7, 8, Vista) တွေ အားလုံးမှာ အလုပ်လုပ်ပါတယ်..။

Hack နည်းကတော့...
Start က Search Box မှာ CMD ရေးထည့်ပါ CMD > Right-Click > ‘Run as Administrator’    နဲ့ Run ပြီး Command Prompt ထဲမှာ ဒီအောက်က  အနီ ရောင်နဲ့ ပြထားတဲ့ Command ကုဒ် တွေကို Copy ကူး Right-Click နဲ့ Paste ချပြီး Enter ခေါက်လိုက်ပါ..။

netsh advfirewall firewall add rule name=”YouTubeTweak” dir=in action=block remoteip=173.194.55.0/24,206.111.0.0/16 enable=yes
 
Command-prompt

2013-04-05_044008

ပြီးသွားရင် Command Prompt ကိုပိတ်လိုက်ပါ..။ YouTube က Video တစ်ခုခုကိုသွားကြည့်လိုက်ပါ.. မြန်မြန် ဆန်ဆန် နဲ့ Video အရည်အသွေးကိုလည်း အနည်းဆုံး 480p နဲ့ ကြည်ကြည်လင်လင်ကြည့်ရှု့ရမှာဖြစ်လို့ သင်ပျော်ရွှင်နေမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်..။
အရင် ပုံမှန်အတိုင်း ပြန်ထားချင်တယ်ဆိုရင်တော့ အောက်က အနီ ရောင်နဲ့  Command ကုဒ် တွေကို Copy ကူးပြီး စောစောကအတိုင်း Paste ချပြီး Enter ခေါက်ပေးလိုက်ပါ..။
 netsh advfirewall firewall delete rule name=”YouTubeTweak”.
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ

Wednesday, December 25, 2013

✔Android ဖုန်း၏ အခြေခံလုံခြုံရေးတည်ဆောက်ချက်များ✔ ******************************...

✔Android ဖုန်း၏ အခြေခံလုံခြုံရေးတည်ဆောက်ချက်များ✔
**************************************
Android ဖုန်း၏ အခြေခံ လုံခြုံရေး တည်ဆောက်ခြင်း
ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -
၁.၁ ဖုန်းထဲ ၀င်ရောက်ခြင်း
၁.၂ ဖုန်း စာဝှက်ခြင်း
၁.၃ ကွန်ရက် ချိန်ညှိချက်များ
၁.၄ တည်နေရာ ချိန်ညှိချက်များ
၁.၅ ဖုန်းခေါ်ဆိုသူ အထောက်အထား
♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨
၁.၁ ဖုန်းထဲ ၀င်ရောက်ခြင်း
အဆင့် ၁။ ဆင်းမ်ကဒ်ကို သော့ခတ်လိုရင်၊ System -> Security -> Sim and Lock Settings ကို သွားပြီး ပြုလုပ်နိုင်တယ်။
အဆင့် ၂။ ဖုန်း မျက်နှာပြင်ကို သော့ခတ်လိုရင်၊ System -> Security -> Sim and Lock Settings ကို သွားပြီး ပြုလုပ်နိုင်တယ်။ "PIN" ဒါမှမဟုတ် "Password" ခေါ် စကားဝှက်ကို
အသုံးပြုဖို့ အကြံပြုလိုတယ်။ အဲဒီ "PIN" သို့မဟုတ် "Password" တွေရဲ့ အရှည်ကို ကန့်သတ်ချက်မထားဘူး။ စကားဝှက် ရွေးချယ်မှုနဲ့ ပါတ်သက်ပြီး အသေးစိတ် အချက်အလက်ကို အခန်း [၃။ လုံခြုံတဲ့
စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း](/my/chapter-3)မှာ လေ့လာနိုင်တယ်။
အဆင့် ၃။လုံခြုံရေးအတွက် သော့ခတ်တဲ့အချိန်ကို သတ်မှတ်လိုက်ပါ။ သတ်မှတ်ထားတဲ့ အချိန်ရောက်တဲ့အခါ ဖုန်းဟာ အလိုအလျောက် သော့ပိတ်သွားမှာ ဖြစ်တယ်။ ဒီနေရာမှာ တစ်ခုကိုပဲ
အကြံပြုချင်တယ်။ အကယ်လို့ ဖုန်းကို သုံးမိနစ်အတွင်းမှာ ဖွင့်ရမယ် ဆိုရင် ငြီးငွေ့စရာ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ၁၀ မိနစ် သတ်မှတ်ပေးဖို့ အကြံပြုလိုတယ်။
ဆက်လက်ဖတ်ရူရန်-http://goo.gl/EKtr06

Tuesday, December 24, 2013

✔Desktop PC တစ်လုံးဝယ်တော့မယ်ဆိုရင် သိထားသင့်သည်များ✔

✔Desktop PC တစ်လုံးဝယ်တော့မယ်ဆိုရင် သိထားသင့်သည်များ✔
*******************************************
✔Desktop PC တစ်လုံးဝယ်တော့မယ်ဆိုရင်
သိထားသင့်သည်များ✔

Laptop ကို အသုံး ပြုသူ အများ စုရဲ့ ရည်ရွယ် ချက်ဟာ အလုပ် လုပ်ဖို့နဲ့ ဂိမ်းကစား ဖို့အတွက် ဘယ်နေရာ ကိုမဆို သယ်သွားလို့ ရနိုင်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်မှု ကောင်းတဲ့ Laptop တွေဟာ ဈေးကြီး တတ်သလို နောက်ဆုံးပေါ် ဂိမ်းတွေ၊ ဒါမှ မဟုတ် ဗွီဒီယို တည်းဖြတ် မှုနဲ့ Graphics ပိုင်း တွေမှာ မနိုင်တာ မျိုးတွေ ဖြစ်တတ် ပါတယ်။ ဒါကြောင့် Desktop PC ကို ပြောင်းသုံး ချင်လာ တတ်ကြ ပါတယ်။ ယနေ့ ခေတ်မှာ Desktop တွေဟာ စွမ်းဆောင်မှု အပြည့် အ၀ ပေးနိုင်တဲ့ အပြင် စတိုင် ကျပြီး နေရာလည်း သိပ်မယူ တော့ပါဘူး။ အခုမှ စပြီး ကွန်ပျူတာကို သုံးမယ့် သူတွေဟာ Desktop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းဆုံး ဒီအချက် တွေကို သိထားသင့် ပါတယ်။
ဆက်လက်ဖတ်ရူရန်-http://goo.gl/26X0lF

★ ကမ္ဘာအရပ်ရပ်မှ Hacker များ★

-Hacker ဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့နဲ့ သိပ်မစိမ်းတော့ပါဘူး။ Hacker လို့ပြောလိုက်ရင် ပြေးမြင်တာကတော့ လုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားတဲ့ ကွန်ပျူတာ ကွန်ယက်တွေထဲကို ဖောက်ထွင်း ၀င်ရောက်၊ မွှေနှောက်နိုင်စွမ်းရှိသူတွေလို့ ကျွန်တော်တို့သိထားကြပါတယ်။ ဒီနေ့ အဲ့ဒီ Hacker ဆိုတဲ့ ဝေါဟရလေး အကြောင်း စိတ်ဝင်စားတာနဲ့ မွှေနှောက်ရှာရင်း Hacker အမျိုးအစားတွေနဲ့အတူ နာမည်ကြီး Hacker အကြောင်းကိုပါ ဖတ်မိပါတယ်။ ကျွန်တော့် အနေနဲ့ Hack လည်း မဟက်တတ်၊ Hacker လည်းမဟုတ်၊ ကွန်ပျူတာနဲ့ပတ်သတ်လို့ သြော်.. ဒါကြီးကို ကွန်ပျူတာလို့ခေါ်တာပါလားလေ ဆိုပြီးတော့လောက်သာ သိလေတော့ ကျွန်တော့်လိုပဲ Hacker တွေအကြောင်း စိတ်ဝင်စားသူတွေအတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်။
Hacker တွေကို အမျိုးအစားအားဖြင့် ၈ မျိုးခွဲထားတယ်လို့ ၀ိကီပီဒီယားမှာ ဆိုပါတယ်။ ဒါတွေကတော့ White hat, Black hat, Gray hat, Elite hacker, Script kiddie, Neophyte, Blue hat နဲ့ Hacktivist ဆိုပြီးတော့ ဖြစ်ပါတယ်။

၁။ White hat
ဒီ white hat hacker တွေကတော့ အငြှိုးအတေးနဲ့ လုံခြုံရေးကွန်ယက်စနစ်ထဲကို ၀င်ရောက်တာမဟုတ်ပါဘူးတဲ့။ သူတို့ရဲ့ လုံခြုံရေးစနစ်တွေကို ပြန်လည် စမ်းသပ်တဲ့ အနေနဲ့ ၀င်ရောက်တတ်ပါတယ်။ “White Hat” ဆိုတဲ့ အသုံးအနှုန်းကတော့ အင်တာနက်လောကရဲ့ ဗန်းစကားတစ်ခုဖြစ်ပြီးတော့ အကျင့်စာရိတ္တကောင်းမွန်တဲ့(ethical) Hacker လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီ အမျိုးအစားတွေထဲပါတဲ့ hacker တွေဟာ လုံခြုံရေးစနစ်အတွင်းကို ဖောက်ထွင်းဝင်ရောက်ခြင်း (penetration test)၊ လုံခြုံရေးစနစ်ရဲ့ ခံနိုင်ရည် (vulnerability assessments) စတာတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းဘောင်အတွင်းမှာပဲ ၀င်ရောက်ပြီး hack တာဖြစ်ပါတယ်။ International Council of Electronic Commerce Consultants (EC-council) လို့ခေါ်တဲ့ အဖွဲအစည်းတွေဟာ ဒီလို ethical hacking အတွက် ထောက်ခံချက်လက်မှတ်၊ သင်တန်းတွေ၊ အွန်လိုင်း သင်တန်းတွေ ပို့ချပေးပါတယ်။

၂။ Balck hat
ဒီ Black hat hacker တွေကတော့ White hat hacker တွေနဲ့ ပြောင်းပြန်ပေါ့လေ။ ကွန်ပျူတာ အင်တာနက် ကွန်ယက်ထဲက လုံခြုံရေးတွေကို ထိုးဖောက်ဝင်ရောက်မယ်။ အကြောင်းပြချက် တွေပေးတတ်ပေမယ့် တစ်ကယ်ကတော့ ကိုယ်ကျိုးစီးပွား ရှာလိုတာက များတယ်လို့ ဆိုပါတယ်။ ဒီလို ၀င်ရောက်ပြီးရင် အထဲမှာရှိတဲ့ သတင်းအချက်အလက် ဒေတာတွေအားလုံးကို ဖျက်ပစ်တတ်သလို၊ အက်မင်များ အသုံးမပြုနိုင်အောင်လည်း အဲ့ဒီ network ကို ဖျက်ဆီးပစ်တတ်ပါတယ်။ ဒီလို ၀င်ရောက်တဲ့အခါမှာတော့ အပိုင်း ၂ ပိုင်းခွဲပြီး hack ကြပါတယ်။
အပိုင်း ၁ ကတော့ Targeting ပါ။
ဒါကတော့ hacker ဟာ ဘယ် ကွန်ယက်ကို စတင် ချိုးဖောက်ဝင်ရောက်မယ်ဆိုတာကို ဆုံးဖြတ်တာပါ။ ဒါဟာ သက်ဆိုင်ရာ hacker ရဲ့ စိတ်ဝင်စားမှု့နဲ့ သက်ဆိုင်ပါတယ်။ ဒါမှမဟုတ်အဲ့ဒီ ကွန်ယက်က တိုက်ခိုက်မှု့ကို ခံနိုင်တဲ့ အတိုင်းအတာရှိနေမယ်ဆိုရင်တော့ “Port scan” လုပ်ပြီးတော့ ဘယ်လောက်အတိုင်းအတာအထိ ခံနိုင်ရည်ရှိတယ်ဆိုတာကို သိအောင်လုပ်ပါတယ်။ ဒီအခါမှာ ဘယ်Port ကနေပြီးတော့ ကွန်ပျူတာဟာ network ကိုအသုံးပြုပြီး data တွေယူနေသလဲဆိုတာကို သိရှိပါတယ်။ ဒီလို open ports တွေကနေပြီးတော့ hacker တွေဟာ ဒီကွန်ယက်စနစ်ထဲကို ၀င်ရောက်ပါတယ်။

အပိုင်း ၂ ကတော့ Research and Information Gathering ပါ။
ဒီအဆင့်ကတော့ စောစောက ကွန်ယက်စနစ်ထဲကို ၀င်ရောက်လို့ရသွားပြီဆိုတာနဲ့ Hacker ဟာ ဒီကွန်ယက်စနစ်တစ်ခုလုံးကို ထိန်းချုပ်လို့ရမယ့် vital information လို့ခေါ်တဲ့ အရေးကြီးလှတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေတော့တာပါ။ ဒီလိုရရှိဖို့ အသုံးချတာကတော့ SocialEngineering ကိုပါ။ တစ်ခြားနည်းလမ်းနောက်တစ်ခုကတော့ Dumpster Diving လို့ ဗန်းစကားအရခေါ်ပါတယ်။ ဒါကတော့ အမှိုက်ပုံထဲကို ခေါင်းထိုးပြီးရှာသလိုပဲ ဒီကွန်ယက်အသုံးပြုသူတွေထဲက ဒီ ကွန်ယက် စနစ်ကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်နိုင်စေသော သတင်းအချက်အလက် တွေကို ရှာဖွေခြင်းဖြစ်ပါတယ်။

၃။ Grey hat
ဒီလို hacker တွေကိုတော့ မျက်နှာ နှစ်ဖက်နဲ့လူလို့ ပြောရမလိုပါပဲ။ တစ်ခါတစ်လေမှာ တစ်ချို့ကွန်ယက်တွေ ကို ထိန်းသိမ်းဖို့၊ ပြုပြင်ဖို့ စသည်အားဖြင့် ခေါ်တဲ့အခါမှာ ဒီ ကွန်ယက်ကိုလည်း ပြုပြင်ပေးရင်း မသိမသာ ကွန်ယက်ထဲက သတင်းအချက်အလက်တွေကို ရောင်းတဲ့ hacker မျိုးပါ။

၎။ Elite hacker
Hacker တွေထဲမှာတော့ Elite hacker ဆိုရင်တော့ မြန်မာလို ဆရာကြီး ဂိုဏ်းချုပ်လို့ ခေါ်ရမလိုပါပဲ။ ဒီလိုလူတွေဆီက အသစ်၊ အသစ်သော hack နီးပေါင်းစုံတွေ ထွက်လာတတ်ပါတယ်။ ဒီအထဲမှာတော့ တော်တော်နာမည်ကြီးတဲ့ အဖွဲ့နာမည်ကတော့ Master of Deception လို့ ခေါ်ပါသတဲ့။

၅။ Script kiddie
ဒါကတော့ ဟိုးဆရာကြီး ဂိုဏ်းချုပ် တွေလောက်လည်း မတော်တဲ့ hacker တွေပါတဲ့။ နည်းပညာပိုင်းကို သေသေချာချာ မသိပဲ အခြားသူများ ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲတွေကို အသုံးချပြီးတော့ ကွန်ပျူတာ ကွန်ယက်တွေကို တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒီဆော့ဖ်ဝဲတွေရဲ့ ကျောရိုး၊ သဘောသဘာဝ၊ မည်သို့မည်ပုံ အသုံးချရမယ်ဆိုတာတွေကိုတော့ ကောင်းကောင်းသိပါသတဲ့။

၆။ Neophyte
ဒီအမျိုးအစား hacker တွေကိုတော့ “n00b” ဒါမှမဟုတ် “newbie” လို့ခေါ်ပါတယ်။ သူတို့တွေကတော့ ပညာရပ်ပိုင်းရော၊ အတွေ့အကြုံရော မရှိပဲနဲ့ လက်တည့်စမ်းတဲ့ သဘောနဲ့ hack ကြတဲ့ hacker တွေ ဖြစ်ပါသတဲ့။

၇။ Blue hat
ဒီ blue hat hacker တွေကတော့ ကွန်ပျူတာ လုံခြုံရေး အကြံပြုအဖွဲ့ဝင်တွေထဲကလူတွေ မဟုတ်ပါဘူးတဲ့။ သူတို့ဟာ ကွန်ယက်တစ်ခု မစတင်ခင်မှာပဲ အဲ့ဒီကွန်ယက်ထဲကို bug test အသုံးပြုပြီး ခိုဝင်နေတတ်ပါတယ်။ ဒီတော့ Security ချထားသည့်တိုင်အောင် သူတို့ဟာ ဒီကွန်ယက်ထဲမှာ လွတ်လပ်စွာ hack နိုင်ကြပါသတဲ့။ Microsoft ကုမ္ပဏီကလည်း လုံခြုံရေးဆိုင်ရာနဲ့ ပါတ်သတ်ပြီး ပြောကြားတဲ့နေရာမှာ ဒီ Blue hat ဆိုတဲ့ ဗန်းစကားကို အသုံးပြုပါတယ်။

၈။ Hacktivist
ဒါကတော့ ဟက်ပြီးသွားရင် နည်းပညာကိုသုံးပြီးတော့ ကြော်ငြာခဲ့တာပါ။ ဘယ်သူကဖြင့်တော့ ဘယ်သူ့ဆိုဒ်ကို ဟက် ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ တစ်ခါတစ်လေ အဟက်ခံထားရတဲ့ ဆိုဒ်တွေကို ဖွင့်လိုက်ရင် ပေါ်လာတဲ့ဟာမျိုးပါ။ ဒါကိုတော့ website defacement ဒါမှမဟုတ် denial-of-service attacks တွေမှာ အသုံးများပါတယ်။

ကဲ ဒါလေးပြီးရင်တော့ ကျွန်တော့် ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကြီး ဟက်ကာတွေ အကြောင်းလေး အကျဉ်းချုံးပြီးတော့ တင်ပြချင်ပါတယ်။

-ပုံ ၁-
သူ့နာမည် အပြည့်အစုံက Kevin David Mitnick ပါ။ ၁၉၆၃ ခုနှစ်မှာ မွေးပြီးတော့ အခုတော့ ကွန်ပျူတာ အကြံပေးအနေနဲ့ရော၊ Mitnick Security Consulting မှာရော လုပ်ကိုင်နေပြီး စာရေးဆရာအဖြစ်လည်း အသက်မွေးနေပါတယ်။ သူ အသက် ၁၂ နှစ်သားမှာ Social Engineering ကို အသုံးချပြီးတော့ အမေရိကန် လော့စ်အိန်ဂျလိစ်က ဘက်စ်စကား စနစ်ကို hack ပြီးတော့ အလကား စီးပါတယ်။ အသက် ၁၆ နှစ်မှာ Digital Equipment Corporation (DEC) ရဲ့ ကွန်ယက်စနစ်ကို hack ပြီးတော့ အဲ့ဒီက Software တွေကို ကူးယူခဲ့ပါတယ်။ ဒီအတွက် နောင် ၉ နှစ်အကြာ ၁၉၈၈ခုနှစ်မှာတော့ အဖမ်းခံရပြီး ထောင်ဒဏ် ၁နှစ်အပြင် ၃ နှစ် စောင့်ကြည့်ခြင်း ခံရပါတယ်။ ၃ နှစ်စောင့်ကြည့်ချိန် ကုန်ခါနီးမှာတော့ ကီဗင်ဟာ Pacific Bell ရဲ့ voice mail computer တွေကို ထပ်မံ hack ပါတယ်။ ဒီအတွက် ထောင်ဒဏ် ၂ နှစ်ခွဲ အပြစ်ပေးခြင်းခံခဲ့ရပါတယ်။ အမေရိကန် တရားရေးရုံးရဲ့ အဆိုအရတော့ ကီဗင်ဟာ ဒီလို မဖမ်းထပ်မံ အဖမ်းမခံရတဲ့ အချိန်အတွင်းမှာ ဒါဇင်ပေါင်းများစွာသော ကွန်ပျူတာ ကွန်ယက်တွေထဲကို ၀င်ယောက်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဖုန်းကဒ်တွေကို ပွားယူပြီးတော့ သူ့ရဲ့နေရာကို မခန့်မှန်းနိုင်အောင် ပုန်းအောင်နေခဲ့သလို၊ နိုင်ငံရဲ့ အကြီးမားဆုံးသော ကွန်ပျူတာ နဲ့ တယ်လီဖုန်း ကုမ္ပဏီတွေကို hack ခဲ့ပါတယ်။ ဒီအပြင် ကွန်ပျူတာ passward တွေ ခိုးယူခြင်း၊ အီးမေးလ်တွေထဲဝင်ရောက်ပြီးတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖတ်ရှု့ခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါသတဲ့။ သူ့ကို ၁၉၉၅ ခုနှစ်မှာ FBIက ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့ အချိန်မှာတော့ ပွားယူထားတဲ့ ဆယ်လူလာဖုန်းတွေ၊ ပွားယူထားတဲ့ ဆယ်လူလာ ဖုန်းကုဒ်ပေါင်း ၁၀၀ ကျော်တွေ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ထောင်ဒဏ်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ဒီမှာ ထူးခြားတဲ့ စကားလေးတစ်ခွန်းရှိပါတယ်၊ ဒါကတော့ “ပိုက်ဆံပေးဆက်လို့ရတဲ့ ဖုန်းထဲကို လေချွန်လိုက်တာနဲ့ ကမ္ဘာပေါ်မှာ အနုမြူစစ်ပွဲဖြစ်သွားမယ်” ဆိုတဲ့ Kevin Mitnick ရဲ့ စကားလေးတစ်ခွန်းပါ။ ဒါကိုလည်း တရားရုံးက ယုံကြည်ခဲ့ပါတယ်။

-ပုံ ၂-
ဂါရီ မက် ကင်နွန် ကတော့ အင်္ဂလန်နိုင်ငံသားဖြစ်ပြီး “တစ်သက်တာအတွက် အမေရိကန် စစ်တပ်ရဲ့ ကွန်ပျူတာ ကွန်ယက်ကို အကြီးကျယ်ဆုံး hack နိုင်သူ” ဆိုလောက်အောင် hack ခဲ့ပါတယ်။ သူဟာ ၂၀၀၁ ကနေပြီးတော့ ၂၀၀၂ ကြား ၁၃ လ ကာလအတွင်းမှာ ၉၇ အမေရိကန် စစ်တပ် နဲ့ နာဆာ ကို “Solo” ဆိုတဲ့ နာမည်သုံးပြီး Hack ခဲ့တာပါ။ သူဟာ အမေရိကန် စစ်တပ်ရဲ့ ကွန်ယက်ထဲကို ၀င်ရောက်ပြီးတော့ ၀ါရှင်တန်ရဲ့ စစ်တပ် အ၀န်းအ၀ိုင်းမှာရှိတဲ့ ကွန်ပျူတာပေါင်း ၂၀၀၀ ကျော်ကို ၁ ရက်ကြာ shutdown လုပ်ခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု့ပြီးတော့လည်း အမေရိကန် ရေတပ်ရဲ့ ကွန်ပျူတာ အလုံး ၃၀၀ ကျော်တွေထဲ မွှေနှောက်ပြီးတော့ US Navy ရဲ့ weapons logs တွေကို ဖျက်ပစ်ခဲ့ပါတယ်။ ဒါတွေအားလုံးကို သူဟာ အင်္ဂလန်နိုင်ငံမှာ နေထိုင်ပြီး လုပ်ခဲ့တာပါ။ သူဒီလို ဖျက်ဆီးခဲ့တာတွေရော၊ သူ့ hack တဲ့လမ်းကြောင်းကို ရော ရှာဖွေဖို့ ဒေါ်လာ ၇ သိန်းဖိုးလောက် သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။

-ပုံ ၃-
ဒီ အမေရိကန် နိုင်ငံသားကိုတော့ ၁၉၈၃ ခုနှစ်မှာမွေးခဲ့တာပါ။ သူရဲ့ hack ရင်သုံးတဲ့ နာမည်ကတော့ c0mrade ဖြစ်ပါတယ်။ သူ ၁၅ နှစ်သားအရွယ် ၁၉၉၉ ခုနှစ်မှာ BellSouth လို့ခေါ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးကို hack ခဲ့သလို Miami-Dade လို့ခေါ်တဲ့ ကျောင်းရဲ့ ကွန်ယက်ကိုလည်း hack ခဲ့ပါတယ်။ နောက်တော့ သူဟာ နာဆာ ရဲ့ ကွန်ယက်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးတော့ အဲ့ဒီကနေ ဒေါ်လာ ၁.၇ သန်းတန်တဲ့ ဆော့ဖ်ဝဲကို download လုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် နာဆာဟာ သူ့ရဲ့ ကွန်ယက်ကြီးတစ်ခုလုံးကို ၃ ပတ်ကြာမျှ ပိတ်ခဲ့ရပါတယ်။ နောက်ပိုင်း ပြန်လည် ပြင်ဆင်တဲ့စရိတ်က ဒေါ်လာ ၄ သောင်း ၁ ထောင်ကျော်ကုန်ကျခဲ့ပါတယ်။ နောက် ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ၀န်ထမ်းတွေ အကြား ပေးပို့တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း ကြားဝင်ဖတ်ရှု့ခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံး cybercrime ပြစ်မှု့ကျူးလွန်သူအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
၂၀၀၇ မှာတော့ ကွန်ပျူတာ တိုက်ခိုက်ခံရမှု့တွေများလာခဲ့ပြီးတော့ ဂျိမ်းစ် ကို ဒါတွေအတွက် ထပ်မံစစ်ဆေးပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ကတော့ ဒီတိုက်ခိုက်မှု့တွေထဲမှာ သူဘာမှ ပါဝင်ပက်သက်မှု့မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ၂၀၀၈ မှာတော့ ဂျိမ်းစ်တစ်ယောက် ရေချိုးခန်းထဲမှာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ပြီး သတ်သေသွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ မပါဝင်တဲ့ ဒီလို မျိုး ပြစ်မှု့တွေနဲ့ ပါတ်သတ်ပြီးတော့ တရား
https://www.facebook.com/photo.php?fbid=642593142469983&set=a.503615419701090.1073741825.495930940469538&type=1

Huawei ဟန်းဆက်ပြုပြင်ရေးစင်တာကို ကုမ္ပဏီမှ တိုက်ရိုက်ဖွင့်လှစ်

 ပြည်တွင်း၌ အသုံးပြုနေသည့် Huawei ဟန်းဆက်များကို တရားဝင် အသိအမှတ်ပြု Huawei (ပြုပြင်) ပြုလုပ်နိုင်ရန် ရန်ကုန်မြို့၌ ပထမဦးဆုံးသော Service Center ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Huawei ဟန်းဆက်သည် စစ်တမ်းအရ မြန်မာနိုင်ငံ၌ အသုံးပြုနေသော မိုဘိုင်းဖုန်းအားလုံး၏ ၅၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားကြောင်း၊ ၎င်းတို့ Huawei ကုမ္ပဏီအနေဖြင့် ရောင်းအားဈေးကွက်ကို ပိုင်ဆိုင်ထားသော်လည်း Service ပိုင်း၌ အားနည်းခဲ့ကြောင်း၊ Huawei မြန်မာနိုင်ငံရုံးချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Service ပိုင်းအားနည်းနေသည့်အတွက် ယခုကဲ့သို့ တရားဝင် အသိအမှတ်ပြုသည့် Service Center များကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ် နိုင်ငံအတွင်း မြို့အနှံ့ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။ ယခု Service Center သည် အခြားသော Brand များနည်းတူ Huawei အနေဖြင့် တရားဝင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
Huawei ဟန်းဆက်များကို ပြင်ဆင်ရာ၌ အသေးစားပြင်ဆင်ခြင်းနှင့် အကြီးစားပြင်ဆင်ခြင်းဟူ၍ နှစ်မျိုးခွဲခြားလက်ခံထားပြီး အသေးစားပြင်ဆင်မှုကို နေရာ ၂ နေရာ၌ လက်ခံဆောင်ရွက်ပေးနေပြီး အကြီးစားပြင်ဆင်မှုကို နေရာတစ်နေရာ၌ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ပြင်ဆင်မှုများအတွက် ကုန်ကျစရိတ်ကို ပြုပြင်ရသည့်အမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး ပြင်ဆင်မှုအတွက် ပစ္စည်းလက်ခံသည့် တည်နေရာကို ၂၆ နေ ရာသတ်မှတ်ထားကြောင်း သိရသည်။ Huawei ဟန်းဆက်များကို ကုမ္ပဏီအသိအမှတ်အနေဖြင့် ဝယ်ယူသူဖြစ်စေ၊ အခြားသောဆိုင်များမှ ဝယ်ယူထားသည်ဖြစ်စေ လာရောက်ပြင်ဆင်နိုင်ကြောင်း ကုမ္ပဏီက ပြောဆိုထားသည်။
အာမခံရှိသည့် ဟန်းဆက်များအတွက် ပြင်ဆင်ရာတွင် အခကြေးငွေ ပေးဆောင်ရမည်မဟုတ်ဘဲ အာမခံရှိသည့်ဟန်းဆက်များအတွက် လက်ခံနှင့် ပစ္စည်းဖိုးများကို ကောက်ခံသွားမည်ဖြစ်သည်။ အဆိုပါ Service Center ၌ တရုတ်နှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သား ၂၅ ဦးဖြင့် ဝန်ဆောင်မှုပေး သွားမည်ဖြစ်သည်။ “Center ကို သွားလာရလွယ်ကူတဲ့နေရာမှာ ရှိစေချင်တယ်။ အချိန်တိုတွင်းမှာလည်း ပြုပြင် ပေးစေချင်တယ်။ နောက်ပြီး ပြင်ထားတဲ့ပစ္စည်းပေါ်မှာလည်း ကာလတစ်ခုအထိ အာမခံချက်ထပ်ပြီး ပေးစေချင်တယ်။ အပိုပစ္စည်းတွေနဲ့ လက်ခတွေကလည်း လျော့ပြီးတော့ပဲ ယူစေချင်တယ်။ အချို့လဲလှယ်မှုလေးတွေကိုလည်း ကုမ္ပဏီဆိုင်ဖြစ်တဲ့အတွက် လက်ခမယူစေချင်ဘူး” ဟု Huawei ဟန်းဆက်သုံးစွဲသူ ကိုအောင်ဆန်းမြင့်က ပြောသည်။

မြင့်ကျော်လှိုင်

အဆင်ပြေပါစေ.

USB Flash Drives နဲ့ Memory card တွေမှ Shortcut Virus Error ဖြေရှင်းနည်း

USB Flash Drives တွေနဲ့ Memory card တွေမှာ အဖြစ်များတဲ့ Shortcut Virus Error ကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်...။

Start က  Search Box မှာ cmd  ရေးပြီး  Command prompt ကိုဖွင့်ပါ ..

  attrib -h -r -s /s /d g:\*.* 

အပေါ်က စာတွေကို Copy ကူးထည့်၍ဖြစ်စေ ရေး၍ဖြစ်စေ ထည့်ပြီး Enter ခေါက်ပါ... အနီရောင်နဲ့ g က 
မိမိရဲ့ Drives နာမည်ပါ....

သူ့ဘာသူ အလုပ်လုပ်နေပါလိမ့်မယ်.. ပြီးသွားရင် USB/Memory Card ကို ဖြုတ်ပြီး ပြန်တပ်ကြည့်ပါ 
Shortcut Error မရှိတော့တာတွေ့ရမှာပါ...။

xxxxxxxxxxxxxxxxxxxxxxxxx

 Software နဲ့ အလွယ်တကူ ဖြေရှင်းချင်တယ်ဆိုရင်တော့ ဒီ Software လေးကို  Downloat Shortcut Remover  ဒေါင်းယူပြီး  Click နှစ်ချက်နဲ့
 Run လိုက်ပါ .. (USB/Memory Card) ကို စက်မှာ တပ်ထားပြီးသားဖြစ်နေပါစေ..။
Size : 124.5KB ပဲ ရှိပါတယ်...

မိမိရဲ့ Drives နာမည်ကို ရေးထည့်ပြီး Enter ခေါက်ပါ...

ပြီးအောင်စောင့်ပေးလိုက်ပါ...

အပေါ်ကပုံအတိုင်း ပေါ်လာရင် Keyboard ပေါ်က Key တစ်ခုခုကို နှိပ်ပေးလိုက်ပါ...

အဆင်ပြေပါစေ
ပုံနဲ့အပြည်​အစုံကြည့်​လိုလျှင်​ ​အောက်​ပိုကလစ်​ပါ

http://feedproxy.google.com/~r/blogspot/YoKiT/~3/wSvoQk4W-Kg/usb-flash-drives-memory-card-shortcut.html

USB Flash Drives နဲ့ Memory card တွေမှ Shortcut Virus Error ဖြေရှင်းနည်း

USB Flash Drives တွေနဲ့ Memory card တွေမှာ အဖြစ်များတဲ့ Shortcut Virus Error ကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်...။

Start က  Search Box မှာ cmd  ရေးပြီး  Command prompt ကိုဖွင့်ပါ ..

  attrib -h -r -s /s /d g:\*.* 

အပေါ်က စာတွေကို Copy ကူးထည့်၍ဖြစ်စေ ရေး၍ဖြစ်စေ ထည့်ပြီး Enter ခေါက်ပါ... အနီရောင်နဲ့ g က 
မိမိရဲ့ Drives နာမည်ပါ....

သူ့ဘာသူ အလုပ်လုပ်နေပါလိမ့်မယ်.. ပြီးသွားရင် USB/Memory Card ကို ဖြုတ်ပြီး ပြန်တပ်ကြည့်ပါ 
Shortcut Error မရှိတော့တာတွေ့ရမှာပါ...။

xxxxxxxxxxxxxxxxxxxxxxxxx

 Software နဲ့ အလွယ်တကူ ဖြေရှင်းချင်တယ်ဆိုရင်တော့ ဒီ Software လေးကို  Downloat Shortcut Remover  ဒေါင်းယူပြီး  Click နှစ်ချက်နဲ့
 Run လိုက်ပါ .. (USB/Memory Card) ကို စက်မှာ တပ်ထားပြီးသားဖြစ်နေပါစေ..။
Size : 124.5KB ပဲ ရှိပါတယ်...

မိမိရဲ့ Drives နာမည်ကို ရေးထည့်ပြီး Enter ခေါက်ပါ...

ပြီးအောင်စောင့်ပေးလိုက်ပါ...

အပေါ်ကပုံအတိုင်း ပေါ်လာရင် Keyboard ပေါ်က Key တစ်ခုခုကို နှိပ်ပေးလိုက်ပါ...

အဆင်ပြေပါစေ
ပုံနဲ့အပြည်​အစုံကြည့်​လိုလျှင်​ ​အောက်​ပိုကလစ်​ပါ

http://feedproxy.google.com/~r/blogspot/YoKiT/~3/wSvoQk4W-Kg/usb-flash-drives-memory-card-shortcut.html

လူတိုင်းအတွက် 5000 တန် ဖုန်းငွေဖြည့် Card ရရှိနိုင်မည့်အခွင့်အရေး ( 1$ SignUp Bonus

အားလုံးသော ညီအစ်ကိုမောင်နှမများ မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သလိုက်ပါတယ်.. ကျွန်တော်
ကတော့ ကိုအောင်ဆန်းဖြစ်ပါတယ်..ဒါ့အပြင် အင်တာနက်ပေါ်မှငွေရှာနည်းစာအုပ်ကို တစ်နိုင်ငံလုံးအတိုင်း
အတာဖြင့် ဒုတိယနေရာမှမိတ်ဆက်ပေးခဲ့သော 20 နှစ်အရွယ်ကျောင်းသားတစ်ဦးလည်းဖြစ်ပါတယ်ခင်ဗျာ

ကျွန်တော် အင်တာနက်ပေါ်မှာငွေရှာနည်းအကြောင်းကိုမိတ်ဆက်ပေးခဲ့တာဖြင့် ငါးလနီးပါးမျှရှိခဲ့ပါပြိ..အဲဒီ
ငါးလတာကာလအတွင်းမှာအဆင်ပြေစွာနဲ့အောင်မြင်လာတဲ့ အစ်ကိုအမ များရှိသကဲ့သို့..အကြောင်းအမျိုး
မျိုးကြောင့်သော်လည်းကောင်း သေချာနားမလည်လို့သော်လည်းကောင်း ဆက်လက်မလုပ်ကိုင်တော့ဘဲ
ရပ်ပစ်လိုက်တဲ့သူများလည်းရှိပါတယ်..ဒါပေမယ့် မလျော့သောဇွဲနဲ့လုပ်ခဲ့တဲ့ ကျနော်အပါအ၀င် ညီအစ်ကို
မောင်နှမများသည် အောင်မြင်မှုအသီးအပွင့်များကို လက်တွေ့ခံစားနေရသည်မှာလည်းလက်တွေ့ပင်ဖြစ်ပါ
တယ်..ကျွန်တော် အင်တာနက်ကနေ ၀င်ငွေရှာကြည့်ချင်တဲ့အတွက်လွန်ခဲ့တဲ့ငါးလကတည်းက Google မှာ
ရှာဖွေခဲ့ပါတယ်..ငွေရှာနည်းမျိုးစုံတွေ့ခဲ့ရတယ်..အကုန်လုံးကခက်ခဲကြပါတယ်..ဒါပေမယ့် အားလုံးနဲ့ကိုက်
ညီမယ့် PTC ( Paid To Click ) ဆိုတဲ့ငွေရှာနည်းအကြောင်းကို ကျနော်ရှာတွေ့ခဲ့တယ်..လေ့လာခဲ့ပါတယ်..
လေ့လာပြီးနောက် " အင်တာနက်မှာ မိနစ်20 အချိန်ပေးပြီးငွေရှာနည်း " ဆိုတဲ့ Probux မှာငွေရှာတဲ့စာအုပ်
လေးကို ကျနော်သိသမျှလေ့လာထားသမျှအကြောင်းအရာများကိုစုစည်းပြီး စမ်းသပ်ထုတ်ဝေလိုက်ပါတယ်.
အဲဒီမှာတင် အင်တာနက်သုံးသူများအကြားမှာ ပျံ့နှံသွားပြီး ယခုအချိန်မှာ နားလည်သဘောပေါက်သူတော်
တော်များများ ကိုယ့်နည်းကိုယ်ဟန်ဖြင့် လုပ်ကိုင်နေကြပြီလည်းဖြစ်ပါတယ်။ ကျွန်တော်လေ့လာခဲ့တဲ့ နေရာ
မှာဆိုရင် ပုံတွေ စာတွေနဲ့သေချာရှင်းမပြထားကြပါဘူး.. အင်္ဂလိပ်စာလေး ဆယ့်ငါးကြောင်း အကြောင်းနှစ်
ဆယ်..ပုံလေး တစ်ပုံနှစ်ပုံတည်းပြပြီး ရှင်းပြထားတာပါ..ကျွန်တော့်အနေဖြင့် တော်တော်လေးကို နားလည်ရ
ခက်ခဲခဲ့ပါတယ်..ဒါပေမယ့်ကျွန်တော်ဇွဲမလျော့ဘဲသေချာလေ့လာခဲ့ပြီးနောက် ငွေရှာနည်းစာအုပ်လေးကို
ပုံတွေ စာတွေ ဝေေ၀ဆာဆာဖြင့် ထုတ်ဝေဖြန့်ချိနိုင်ခဲ့တာကြောင့် အခုချိန်မှာ တော်တော်များများက သဘောပေါက်နားလည်နေကြပြီဖြစ်ပါတယ်.. ကျွန်တော်ကိုယ်တိုင်လဲ Nerd Bux ဆိုတဲ့ငွေရှာဆိုဒ်မှာ တော်
တော်လေးကို အောင်မြင်နေတာပါ...ထိပ်ဆုံးက ပုံလေးမယ် I have earned $338.12 ဆိုတာတွေ့ပါလိမ့်မယ်
ဒါကတော့ ယနေ့အချိန် ငါးလအတွင်း ကျနော်ထုတ်ယူထားတဲ့ Record လေးဖြစ်ပါတယ်..ငွေတစ်ခါထုတ်
တိုင်း တစ်ခါ Record တက်ပါတယ်.. သို့ပေမယ့် ဒါဟာ ကျွန်တော့်ရဲ့ ဒုတိယ Record သာဖြစ်ပီး..ပထမ Record Account မှာရှိတဲ့ငွေနဲ့ပါပေါင်းရင် ငါးလအတွင်း 650$ ထုတ်ယူပြီးဖြစ်ပါတယ်...  ဒါကြောင့် အခု
ကျွန်တော် ဒီငွေရှာတဲ့ဆိုဒ်လေးနဲ့ တစ်နေ့ကို 8$ ပျမ်းမျှရရှိနေပါပြီ..ကျွန်တော် နှစ်ရက်ကို ငါးထောင်တန်ဖုန်းကဒ်တစ်ကဒ်နှုန်းဖြင့် သုံးနေတာပါ..အင်တာနက်သုံးတယ်..ကျနော့်ချစ်ရသူနဲ့ညတိုင်းဖုန်း
ပြောပါတယ်..ဒီိလိုဖုန်းခအတွက်ကုန်ကျစားရိတ်တွေကို ဟောသည် ကျနော်အောင်မြင်နေတဲ့ NerdBux ဆိုဒ်ကရတဲ့ငွေတွေနဲ့ အဓိက ဖာထေးနေနိုင်တာသာဖြစ်ပါတယ်..ဒါကျွန်တော်ပွင့်2လင်း တစ်လုံးမှအပိုမ
ပါဘဲပြောပြပေးနေတာပါ.... ဟုတ်ပြီ.. အခုကျနော်အောင်မြင်နေတဲ့အတွက် ကျွန်တော်ကိုယ်တိုင်ညီအစ်ကို
မောင်နှမများကို ပရိုမိုးရှင်းပြန်ပေးလိုက်ပါပြီ.... ကျွန်တော် ပရိုမိုးရှင်းပေးရတဲ့ ရည်ရွယ်ချက်သည် ယခုကျွန်
တော်တင်ပြသော Nerd Bux ဆိုတဲ့ ၀င်ငွေရှာဝဘ်ဆိုဒ်တွင် အချိန်တိုအတွင်းအောင်မြင်အောင် ၊ ငွေရှာနည်း
ကိုအရှုံးနည်းနည်းဖြင့် အမြတ်များများပြန်ရအောင် ၊ငွေရှာနည်းသဘောတစ်ရားကို နားလည်သဘောပေါက်
စေလိုသော ရည်ရွယ်ချက် ၊ နည်းလမ်းတင်ပြသူနဲ့ငွေရှာနေသူများအကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေလို
သောရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်ပရိုမိုးရှင်းပေးမည့် ပုံစံမှာ အောက်ပါအ
တိုင်းဖြစ်ပါတယ်....

♠ ကျွန်တော် Member ၀င်ခိုင်းသော Link တွင် Member ၀င်ရမည်ဖြစ်ပါသည် ။ Member ၀င်ပြီးပြီဆိုတာနဲ့
adflycreator@gmail.com သို့ မည်သည့်နာမည်ဖြင့် Member ၀င်ထားသည်ကို Email ဖြင့်ဆက်သွယ်
အကြောင်းကြားရမည်ဖြစ်ပါသည်။ ဥပမာ မိမိက mgmg ဆိုသောနာမည်ဖြင့် Member ၀င်ထားတယ်ဆိုပါစို့
ဒါဆိုရင် ကျွန်တော်သတ်မှတ်ထားသည့် Email လိပ်စာသို့ " mgmg ဟူသောအမည်ဖြင့် မှတ်ပုံတင်ထားပြီးပါပြီ..စစ်ဆေးပေးပါ '' ဟုပေးပို့လိုက်ပါ...ဒါဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ Account
ထဲမှာ mgmg ဟူသောနာမည်ဖြင့် မှတ်ပုံတင်ထားခြင်းရှိမရှိစစ်ဆေးပြီး ရှိသည်ဆိုပါက mgmg ဟူသော
သူအတွက် 1$ = 1000 Kyats SignUp Bonus အဖြတ်သတ်မှတ်ပေးလိုက်မည်ဖြစ်ပါသည်။

♠ ၄င်း mgmg သည် ကျွန်တော်ညွှန်ပြထားသောငွေရှာနည်းများအတိုင်း သေသေချာချာဖတ်ပြီး၎င်းကိုယ်
တိုင်ငွေရှာသည် ဆိုပါစို့..၄င်းရှာသောငွေသည် 4$ ရလာပြီဆိုတာနဲ့ ၄င်း 4$ ရရှိထားသည့် မြင်ကွင်းကို
Screen Shoot ရိုက်ပြီး adflycreator@gmail.com သို့ ဆက်သွယ်ရမည့် ဖုန်းနံပတ် နှင့် Screen Shoot ရိုက်ထားသည့် ပုံကို ပူးတွဲပေးပို့လိုက်ပါ..မှန်ကန်မှုရှိမရှိစစ်ဆေးပြီးတာနဲ့ 7 ရက်အတွင်း SignUp လုပ်ထားသည့်အတွက်ရရှိထားသော 1$ နှင့်အတူ 4$ ရရှိသည့်အတွက် Bonus 4$ စုစုပေါင်း 1$ + 4$ =5$
မြန်မာငွေဖြင့် ငါးထောင်ကျပ်တိတိကို ဖုန်းကဒ်အဖြစ် ပေးပို့စေလိုသည့် ဖုန်းနံပတ်ထံသို့ပေးပို့ပေးမှာဖြစ်
ပါတယ်ခင်ဗျာ။ ဒါဆိုရင် mgmg ရဲ့ Account ထဲမှာလက်ရှိက 4$ ရှိပါ့မယ်..ကျွန်တော်ပေးသော 5$ နဲ့ပေါင်းရင် mgmg အနေဖြင့် 9$ တိတိကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာ။

- သေချာလိုက်နာရမည့်စည်းကမ်းချက်များနှင့်တကွ လုပ်ပုံလုပ်နည်းများကိုအကောင်းဆုံးရှင်းလင်းတင်ပြ
ပေးထားပါတယ်။
- စည်းကမ်းချက်များကိုသေချာစွာဖတ်ပါ

- NerdBux သည် ပြန်တွင်းမှာ Account ဖွင့်ရခက်ပါသည်..သို့သော် Account ဖွင့်နည်းများကိုသေချာစွာ
လမ်းညွှန်ပြသထားပါသည်။

- လိုင်းကောင်းသည့်အချိန်များကိုသာ ရွေးချယ်ပြီးလုပ်ပါ။

- အကောင်းဆုံးတင်ပြပေးထားသလို..မိမိရဲ့ဦးနှောက်ကိုလည်း နည်းနည်းညှစ်သုံးပါ

- ယုံယုံကြည်ကြည်ဖြင့် မိမိရဲ့အင်တာနက်ပေါ်မှာအားလပ်ချိန်များကို ယခုလိုဝင်ငွေရှာဆိုဒ်မှာ 45 မိနစ်မျှမြှပ်
နှံလိုက်ပါ

-နေစဉ်နေ့တိုင်းပုံမှန်သာလုပ်ပါ မိမိဆီကိုလည်း Member များဝင်လာအောင်သေချာစွာဖိတ်ခေါ်ပါ..ကိုယ့်ဆီ
Member အ၀င်များလေ သူတို့ဆီက ကော်မရှင်ခရပြီး ကိုယ်လဲပိုက်ဆံမြန်မြန်အရမြန်လေဖြစ်ပါတယ်.

- အစပိုင်းလုပ်ရတာ ပျင်းရိစရာကောင်းတယ်လို့ထင်ရပေမယ့် တစ်ကယ်တမ်းရလာတဲ့အခါ အင်တာနက်
ပေါ်မှာဝင်ငွေရှာရတဲ့အရသာကို သိသွားမှာအသေအချာပါပဲ :)

 -အခက်အခဲတစ်စုံတစ်ရာရှိလာပါက adflycreator@gmail.com သို့မေးလ်ပို့ပြီးဖြစ်စေ.. 09 420 700 582 သို့ ညနေ 6 နာရီမှ ညနေ 7 နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်..သတ်မှတ်ထားသည့်အချိန်အ
တွင်းမေးမြန်းလာမှုများကိုသာ လက်ခံဖြေကြားပေးမှာဖြစ်ပါတယ်။

- နေပြည်တော် တွင်နေထိုင်ပြီး 420 GSM ကို WCDMA Only ပြောင်းကာ ယခုလိုကြော်ငြာ Click ခြင်းလုပ်
ငန်းကိုလုပ်ကိုင်နေခြင်းဖြစ်ပါသည်။ နေပြည်တော်နယ်မြေအတွင်းရှိညီအစ်ကိုမောင်နှမများ ငွေရှာနေစဉ်
အခက်အခဲဖြစ်နေပါက အထက်ဖော်ပြပါ ဖုန်းနံပတ်သို့ဆက်သွယ်ပေးပါ သေချာညွှန်ကြားပြသပေးမည်
ဖြစ်ပါသည်။

- ရရှိလာသည့်ငွေများဖြင့် အင်တာနက်မှ ဖုန်းကဒ်ဝယ်နည်းများကိုလည်းမကြာခင်တင်ဆက်ပေးသွားမှာပါ

ကဲ.......... ကျွန်တော်ကတော့ မည်သို့ဘယ်ပုံဖြစ်လာခဲ့ပါသည်..လုပ်ရပါသည်ဆိုတာတွေကိုတော့ပြောပီး
သွားပြီ...လုပ်ကြပါ...တစ်ကယ့်ကိုအကျိုးရှိလို့လုပ်ခိုင်းရခြင်းသာဖြစ်ပါတယ်... ကဲ...လုပ်မယ်လို့ဆုံးဖြတ်
ချက်ချပြီးသူများဒီကိုClickလိုက်ပါဗျား..နည်းလမ်းများကိုသေချာစွာညွှန်ကြားပြသပေးထားပါတယ်..
အားလုံးဘဲအဆင်ပြေကြပါစေခင်ဗျာ။ အဓိကကတော့ စာဖတ်အား ၊ စဉ်းစားဥာဏ် ၊ စိတ်ရှည်မှု ၊ ဇွဲ ဒါလေးပဲ
လိုတာပါ..ကျွန်တော်တောင် ငါးလ ခြောက်လတာကာလအတွင်းဖြစ်နိုင်သေးတာဘဲ..မိတ်ဆွေတို့ရော..
ဖြစ်ကိုဖြစ်နိုင်ပါတယ်ဗျား..တစ်ကယ်တမ်းဒီလိုဆိုဒ်တွေက 1 နှစ်ကျော်လောက်အချိန်ပေးမှ အလုပ်ဖြစ်တာ
ပါ..ဒါပေမယ့် ကျွန်တော်ပြောတဲ့နည်းတွေအတိုင်းသာလုပ်သွားပါ...အဆင်မပြေမှုများရှိလာပါက ချက်ချင်း
ဆက်သွယ်ပါ..တုံ့ဆိုင်းမနေပါနဲ့..ကူညီဖို့အဆင်သင့်ပါဘဲ။

ကျွန်တော် တစ်ခုပြောပြပေးမယ်..တစ်ချို့သေချာနားမလည်သေးတဲ့သူတွေက ရှုံးတယ်..အချိန်ကုန်တယ်
လို့ပြောကြတယ်..ဒါဟာ ငွေရှာနည်းသဘောတစ်ရားကိုသေချာမသိသေးတာရယ်..ညွှန်ပြချက်များကို
သေချာစူးစမ်းမလိုက်နာတာရယ်တွေကြောင့်ဖြစ်ပါတယ်...တစ်ကယ်တမ်းဆိုရင် 15 ရက်အတွင်း 10$ 20 $ အထိအမြင့်ဆုံးတန်းရှာလို့ရတယ်....ဘယ်လိုရှာရသလဲ ... အခု Nerd Bux မှာဆိုရင် Micro Jobs ဆိုတာပါတယ်.. သူ့သဘောတရားက အခု ကျွန်တော့်လုပ်တဲ့ပုံစံလိုဘဲ..သူရဲ့ Link မှာ မာန်ဘာဝင်ပါ..ပြီးတာနဲ့ မာန်ဘာဝင်ထားတဲ့ Username ကို ပေးထားတဲ့ ကွက်လပ်ထဲမှာ ဖြည့်ပါ..ပြီးရင်သူ
သတ်မှတ်ထားတဲ့ 15 ရက်ဆိုရင် 15 ရက်ကြော်ငြာတွေကို ကြည့်ပေးလိုက်ပါ...15 ရက်မတိုင်ခင်ကို ကိုယ့်
ဆီကို ပိုက်ဆံတန်းရောက်ပါတယ်...အဲလို ဖြတ်လမ်းနည်းတွေလဲအများကြီးး အချိန်လေးပေးရတာကလွဲလို့
တစ်ကယ့်ကို လွယ်လွယ်လေးပါ..ဒါ ကျနော်ငွေရမြန်တဲ့ လျှို့ဝှက်ချက်ကို ထုတ်ပြောပြလိုက်တာနော်..လူ
တိုင်းလဲ သေချာစူးစမ်းလေ့လာနိုင်ရင် အကုန်အဆင်ပြေပါတယ်... 

တစ်ချို့ကပြောတယ်..ခင်ဗျားက မာန်ဘာတွေအများကြီးရှာထားနိုင်တော့ ငွေရမြန်တာပေါ့တဲ့...လုံးဝမှား
မယ်နော်.. ကိုယ့်ဆီမှာ မာန်ဘာမရှိဘဲနဲ့ တစ်လကိုတစ်သိန်း နှစ်သိန်း အေးဆေးထိုင်ထုတ်နေတဲ့ ကျနော့်
ဘော်ဒါ ရှိတယ်...  darkspade2013@gmail.com ဆိုတဲ့ အစ်ကိုပါဘဲ..ဒီလုပ်ငန်းကို သူလုပ်နေတာ သုံးနှစ်
တောင်ရှိပြီ တစ်ကယ့်ကိုဆရာကျတယ်..ကျွန်တော်အောင်မြင်တယ်ဆိုတာ Member တွေအများကြီးရှာနိုင်
လို့ပါ.. သူအောင်မြင်တယ်ဆိုတာက အဲဒီကျနော်ပြောတဲ့ Micro Jobs တွေကိုလုပ်လို့ပါ..အေးအေးဆေး
ဆေးစိတ်ရှည်ရှည်ထားပြီးလုပ်သွားမယ်ဆိုရင် မဖြစ်ဘူးဆိုတာမရှိဘူး ဖြစ်ကိုဖြစ်ပါတယ်ခင်ဗျာ... ကဲ..စကား
များသွားပြီ.. :)

ပရိုမိုးရှင်းကာလကတော့ 20.2.2014 အထိဖြစ်ပါတယ်။
www.makingmoneytutorial.weebly.com

   
♥ I Have Earned - - - ♥ ဆိုတဲ့နေရာလေးကို သတိရရင် လာလာကြည့်ပါ..ဂဏန်းအရေအတွက်တွေ တက်
နေတာကိုတွေ့ပါလိမ့်မယ်...အဲဒါ ကျွန်တော်နေ့စဉ်ရနေတဲ့ ငွေပမာဏကို Auto Record လုပ်ပေးထားတာပါ
ဗျား..မိတ်ဆွေတို့ရဲ့ Account ထဲမှာလည်းအဲဒါလေးရှိပါတယ်.. ;)