✔Android ဖုန်း၏ အခြေခံလုံခြုံရေးတည်ဆောက်ချက်များ✔
**************************************
Android ဖုန်း၏ အခြေခံ လုံခြုံရေး တည်ဆောက်ခြင်း
ဒီစာမျက်နှာမှာ ပါဝင်တဲ့ အပိုင်းများ -
၁.၁ ဖုန်းထဲ ၀င်ရောက်ခြင်း
၁.၂ ဖုန်း စာဝှက်ခြင်း
၁.၃ ကွန်ရက် ချိန်ညှိချက်များ
၁.၄ တည်နေရာ ချိန်ညှိချက်များ
၁.၅ ဖုန်းခေါ်ဆိုသူ အထောက်အထား
♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨
၁.၁ ဖုန်းထဲ ၀င်ရောက်ခြင်း
အဆင့် ၁။ ဆင်းမ်ကဒ်ကို သော့ခတ်လိုရင်၊ System -> Security -> Sim and Lock Settings ကို သွားပြီး ပြုလုပ်နိုင်တယ်။
အဆင့် ၂။ ဖုန်း မျက်နှာပြင်ကို သော့ခတ်လိုရင်၊ System -> Security -> Sim and Lock Settings ကို သွားပြီး ပြုလုပ်နိုင်တယ်။ "PIN" ဒါမှမဟုတ် "Password" ခေါ် စကားဝှက်ကို
အသုံးပြုဖို့ အကြံပြုလိုတယ်။ အဲဒီ "PIN" သို့မဟုတ် "Password" တွေရဲ့ အရှည်ကို ကန့်သတ်ချက်မထားဘူး။ စကားဝှက် ရွေးချယ်မှုနဲ့ ပါတ်သက်ပြီး အသေးစိတ် အချက်အလက်ကို အခန်း [၃။ လုံခြုံတဲ့
စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း](/my/chapter-3)မှာ လေ့လာနိုင်တယ်။
အဆင့် ၃။လုံခြုံရေးအတွက် သော့ခတ်တဲ့အချိန်ကို သတ်မှတ်လိုက်ပါ။ သတ်မှတ်ထားတဲ့ အချိန်ရောက်တဲ့အခါ ဖုန်းဟာ အလိုအလျောက် သော့ပိတ်သွားမှာ ဖြစ်တယ်။ ဒီနေရာမှာ တစ်ခုကိုပဲ
အကြံပြုချင်တယ်။ အကယ်လို့ ဖုန်းကို သုံးမိနစ်အတွင်းမှာ ဖွင့်ရမယ် ဆိုရင် ငြီးငွေ့စရာ ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ၁၀ မိနစ် သတ်မှတ်ပေးဖို့ အကြံပြုလိုတယ်။
ဆက်လက်ဖတ်ရူရန်-http://goo.gl/EKtr06
0 comments:
Post a Comment